Teachers” Union

Technological University Taunggyi Teachers” Union

ဆရာများသမဂ္ဂ၏ ရည်ရွယ်ချက်များ

သမဂ္ဂ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ပညာရေးအဆင့်အတန်း မြှင့်တင်ရေးအတွက် တက္ကသိုလ်၏ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အသီးသီး၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော အင်ဂျင်နီယာ ပညာရေးစနစ်ဖော်ဆောင်ရာတွင် နည်းပညာတက္ကသိုလ်(တောင်ကြီး) ဆရာများသမဂ္ဂ [Technology University (Taunggyi) Teachers” Union] က ပါဝင်ဆောင်ရွက်ရန်။
(ခ) တက္ကသိုလ်၏ မျှော်မှန်းချက်များ အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ တက္ကသိုလ်ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်လည်းကောင်း အင်အားတရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
(ဂ) ဆရာ၊ ဆရာမများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခွင့်အရေး၊ တာဝန်ဝတ္တရားများနှင့်သင်ကြားသင်ယူမှုဆိုင်ရာ ကဏ္ဍများတွင်တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန်။
(ဃ) ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးရန်။
(င) ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် နစ်နာမှုများကိုကူညီဆောင်ရွက်ပေးရန်။
(စ) ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၏ သဘောထားဆန္ဒများကို ဖော်ထုတ်ရာတွင်သမဂ္ဂမှကူညီမှုပေးရန်။
(ဆ) ပညာရေးဆိုင်ရာကိစ္စရပ်များ၊ သမဂ္ဂဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဒေသတွင်း အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ရန်။
(ဇ) တက္ကသိုလ်၏ ပညာရေးနှင့်စီမံခန့်ခွဲဆိုင်ရာအစည်းအဝေးများဖြစ်သည့် တက္ကသိုလ်ကောင်စီနှင့်ဆီနိတ် အစည်းအဝေးများတွင် ဆရာကိုယ်စားလှယ်အဖြစ် တက်ရောက်ရန်။


အဖွဲ့ဝင်အဖြစ်လျှောက်ထားခြင်းနှင့်ပါဝင်ခွင့်ပြုခြင်း

၁။ အဖွဲ့ဝင်အဖြစ်လျှောက်ထားသူသည်-
(က) နည်းပညာတက္ကသိုလ်(တောင်ကြီး)တွင် အုပ်ချုပ်ရေး၊ သင်ကြားရေး၊ သုတေသနများတွင်တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမနှင့် အထောက်ကူပြု ဝန်ထမ်းဖြစ်ရမည်။
(ခ) သမဂ္ဂဖွဲ့စည်းပုံစည်းမျဉ်းပါ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ဂ) အဖွဲ့ဝင်လျှောက်လွှာပုံစံဖြင့်သမဂ္ဂသို့လျှောက်ထားရမည်။
၂။ အလုပ်အမှုဆောင်အဖွဲ့သည် လျှောက်ထားချက်ကိုလက်ခံရရှိသည့်အခါ ဤဖွဲ့စည်းပုံစည်းမျဉ်းပါ အခန်း(၄)၊ ပုဒ်မ(၆)နှင့်အညီ စိစစ်ပြီး အဖွဲ့ဝင်အဖြစ်လက်ခံခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်းပြုနိုင်သည်။
၃။ အလုပ်အမှုဆောင်အဖွဲ့သည် အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရသော ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများကို အဖွဲ့ဝင်မှတ်ပုံတင်စာရင်းတွင် ရေးသွင်းပြုစုထားရှိရမည်။
၄။ အလုပ်အမှုဆောင်အဖွဲ့သည် သမဂ္ဂသို့ ဝင်ခွင့်ရသူအား သမဂ္ဂဝင် အသိအမှတ်ပြုကဒ်ပြား ထုတ်ပေးရမည်။


နည်းပညာတက္ကသိုလ်(တောင်ကြီး) ဆရာများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့

စဉ် အမည် ရာထူး ဌာန
၁။ ဦးအောင်မျိုးစန်းလှိုင် ဥက္ကဌ Mechanical
၂။ ဒေါက်တာအေးမြသီတာ ဒုဥက္ကဌ ၁ EP
၃။ ဦးစိုင်းစည်သူကျော် ဒုဥက္ကဌ ၂ IT
၄။ ဦးသန်းဇော်ဦး အတွင်းရေးမှူး Mechanical
၅။ ဦးကျော်ဝင်းသိန်း တွဲဖက်အတွင်းရေးမှူး EP
၆။ ဒေါ်သီတာအေး ဘဏ္ဍာရေးမှူး ငွေစာရင်းဌာန
၇။ ဒေါ်စန်းယဉ်ထွေး အဖွဲ့ဝင် Mechanical
၈။ ဒေါ်နန်းအေးအေးစိုး အဖွဲ့ဝင် Engg; Chemistry
၉။ ဒေါ်စန်းစန်းယု အဖွဲ့ဝင် Myanmar
၁၀။ ဒေါ်နန်းတင်ဇာဇာမြင့် အဖွဲ့ဝင် English
၁၁။ ဒေါ်အေးအေးသန့် အဖွဲ့ဝင် IT
၁၂။ ဒေါ်စန္ဒာဝင်း အဖွဲ့ဝင် Engg; Maths
၁၃။ ဒေါ်နီလာဝင်း အဖွဲ့ဝင် Engg; Maths
၁၄။ ဒေါ်မေမိုးလှိုင် အဖွဲ့ဝင် Civil
၁၅။ ဦးသန်းနိုင်ဦး အဖွဲ့ဝင် Engg; Physics
၁၆။ ဒေါ်နှင်းအိအိဝင်း အဖွဲ့ဝင် English
၁၇။ ဒေါ်ခိုင်ဇင်အေးသွယ် အဖွဲ့ဝင် Civil