က်ရှိ ကာလ တွင် ကမ္ဘာအနှံ့ ပြင်းထန် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကိုရိုနာ ဗိုင်းရပ် ပျံ့ နှံ့လျက်ရှိရာ အသက်ဆုံးရှုံးမှု ဖြစ်စဉ်များလည်း နေ့စဉ်နှင့်အမျှ တိုးပွားလာလျက်ရှိသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတရုံး နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့ မှလည်း ကူးစက်မြန် ပြင်းထန် ကိုရိုနာ ဗိုင်းရပ် သတိပေး စာများ လည်း ထုတ်ပြန်ကြေငြာလျက်ရှိသည်။ သို့ဖြစ်ပါ၍ နည်းပညာတက္ကသိုလ် (တောင်ကြီး)ရှိ ကျောင်းသူ/ကျောင်းသားများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ အနေဖြင့် ကျန်းမာရေး ဂရုစိုက်ကြရန် နှင့် လူစုလူဝေး နေရာများအား ရှောင်ရှားရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။