ထမနဲ ထိုးပြိုင်ပွဲ ကျင်းပ ပြုလုပ်

နည်းပညာတက္ကသိုလ် တောင်ကြီး major ပေါင်းစုံ ထမနဲ ထိုး ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။ Major အသီးသီး မှ ကျောင်းသူ ကျောင်းသားများပျော်ရွှင်စွာ ဆင်နွှဲသည်။ ထမနဲ ထိုးပြိုင်ပွဲ ပထမ ဆုကို EC major / ဒုတိယ ဆုကို Mechanical major / တတိယဆုကို IT major မှ အသီးသီး ရရှိသည်။

အလုပ်ခွင်လူမှု ဆက်ဆံရေး အသိပညာပေး ဟောပြောပွဲကျင်းပ

နည်းပညာတက္ကသိုလ် (တောင်ကြီး) တွင် တာဝန်ထမ်းဆောင်နေသော ဆရာ /ဆရာမ များ ဝန်ထမ်း များ၏ လုပ်ငန်းခွင် လူမှု ဆက်ဆံရေး အသိပညာပေး ဟောပြောပွဲ ကို ၁၈.၁၂.၂၀၂၃ တွင် နည်းပညာတက္ကသိုလ် တောင်ကြီး ဘက်စုံ ခန်းမ တွင် ကျင်းပ ပြုလုပ်သည်။ ဒေါက်တာမြင့်လ္ငင် မှ ဟောပြောပို့ချသည်။ တက်ရောက်လာသူ များမှ ဟောပြောပွဲ အပြီး တွင် သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးပြီး အခန်းအနားကို ရုတ်သိမ်းခဲ့သည်။

လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကို နည်းပညာတက္ကသိုလ် တောင်ကြီး ဘက်စုံ ခန်းမ တွင် ၂၈.၆.၂၀၂၃ တွင် ကျင်းပသည်။ ရှမ်းပြည်နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့ မှ ကျောင်းသူ ကျောင်းသားများ အား အသိ ပညာပေး ဟောပြော ခဲ့သည်။

ဆရာမများ အား လက်ဆောင် ပစ္စည်းပေးအပ်

နည်းပညာတက္ကသိုလ် (တောင်ကြီး) တွင် တာဝန် ထမ်းဆောင်ပြီး ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သော ဆရာများ အား နှုတ်ဆက် လက်ဆောင် ပေးအပ်သည်။ ပါမောက္ခချုပ် ဒေါက်တာ ခင်ထိုက်ထိုက်လွင်မှ နှုတ်ဆက် စကား ပြောကြားပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။