ထမနဲ ထိုးပြိုင်ပွဲ ကျင်းပ ပြုလုပ်

နည်းပညာတက္ကသိုလ် တောင်ကြီး major ပေါင်းစုံ ထမနဲ ထိုး ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။ Major အသီးသီး မှ ကျောင်းသူ ကျောင်းသားများပျော်ရွှင်စွာ ဆင်နွှဲသည်။ ထမနဲ ထိုးပြိုင်ပွဲ ပထမ ဆုကို EC major / ဒုတိယ ဆုကို Mechanical major / တတိယဆုကို IT major မှ အသီးသီး ရရှိသည်။

အလုပ်ခွင်လူမှု ဆက်ဆံရေး အသိပညာပေး ဟောပြောပွဲကျင်းပ

နည်းပညာတက္ကသိုလ် (တောင်ကြီး) တွင် တာဝန်ထမ်းဆောင်နေသော ဆရာ /ဆရာမ များ ဝန်ထမ်း များ၏ လုပ်ငန်းခွင် လူမှု ဆက်ဆံရေး အသိပညာပေး ဟောပြောပွဲ ကို ၁၈.၁၂.၂၀၂၃ တွင် နည်းပညာတက္ကသိုလ် တောင်ကြီး ဘက်စုံ ခန်းမ တွင် ကျင်းပ ပြုလုပ်သည်။ ဒေါက်တာမြင့်လ္ငင် မှ ဟောပြောပို့ချသည်။ တက်ရောက်လာသူ များမှ ဟောပြောပွဲ အပြီး တွင် သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးပြီး အခန်းအနားကို ရုတ်သိမ်းခဲ့သည်။

လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကို နည်းပညာတက္ကသိုလ် တောင်ကြီး ဘက်စုံ ခန်းမ တွင် ၂၈.၆.၂၀၂၃ တွင် ကျင်းပသည်။ ရှမ်းပြည်နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့ မှ ကျောင်းသူ ကျောင်းသားများ အား အသိ ပညာပေး ဟောပြော ခဲ့သည်။

မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ

နည်းပညာတက္ကသိုလ် ( တောင်ကြီး) ၏ မိုးရာသီ သစ်ပင်စိုက် ပွဲတောင် ကို ၈.၆.၂၀၂၃ တွင် ကျင်းပသည်။ ဆရာ/ ဆရာမ များ နှင့် ကျောင်းသူ/ ကျောင်းသားများမှ သစ်ပင်များကို တက္ကသိုလ် ပတ်ဝန်းကျင်တွင် ပျော်ရွှင်စွာ စိုက်ပျိုးခဲ့သည်။

ဆရာမများ အား လက်ဆောင် ပစ္စည်းပေးအပ်

နည်းပညာတက္ကသိုလ် (တောင်ကြီး) တွင် တာဝန် ထမ်းဆောင်ပြီး ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သော ဆရာများ အား နှုတ်ဆက် လက်ဆောင် ပေးအပ်သည်။ ပါမောက္ခချုပ် ဒေါက်တာ ခင်ထိုက်ထိုက်လွင်မှ နှုတ်ဆက် စကား ပြောကြားပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ကျောင်းသုံး ပစ္စည်းများ ပေးအပ်

နည်းပညာ တက္ကသိုလ် (တောင်ကြီး) ဝန်ထမ်း မိသားစု များ၏ ကျောင်းသူ/ကျောင်းသား များကို ကျောင်းသုံးပစ္စည်းများ ပေးအပ်ခြင်းကို ၁၀.၆.၂၀၂၃ တွင် ကျင်းပသည်။

Major မိတ်ဆက် ပွဲ ကျင်းပ

နည်းပညာတက္ကသိုလ် (တောင်ကြီး) ပထမနှစ် တက်ရောက်သော ကျောင်းသူ / ကျောင်းသားများ ၏ Major မိတ်ဆက် ပွဲ အခန်းအနားကို ၂၀.၁၂.၂၀၂၃ တွင် နည်းပညာတက္ကသိုလ် (တောင်ကြီး ) ဘက်စုံ ခန်းမတွင် ကျင်းပသည်။ ပါမောက္ခချုပ် ဒေါက်တာ ခင်ထိုက်ထိုက် လွင်မှ အဖွင့် အမှာ စကားပြောကြားသည်။ Major အသီးသီးမှ ကျောင်းသူ / ကျောင်းသား များမှ သက်ဆိုင်ရာ Major အသီးသီး ၏ အားသာ ချက်များ ရှင်းလင်းပြောကြားသည်။ Read More …

ကထိန် အောင်ပွဲ ကျင်းပ

နည်းပညာတက္ကသိုလ် (တောင်ကြီး) ဆရာ/ဆရာမ များ နှင့် ကျောင်းသူ/ကျောင်းသားများ ၏ ကထိန် အောင်ပွဲကို ၂၇.၁၂.၂၀၂၃ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (တောင်ကြီး) ၏ ဘက်စုံခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။